God and temple’s gatekeeper

မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက်ရှိတဲ့ ဘုရားရုပ်တုတော်ကို တည်ထားကိုးကွယ်ထားတာရှိတယ်။ ဆုတောင်းတိုင်းပြည့်တယ်ဆိုပြီး ဆုတောင်းပြည့် ဘုရားဆိုပြီး နာမည်ကျော်ကြား သတဲ့။ လာရောက်ပူဇော်ပသတဲ့သူတွေလည်း အများကြီးဆိုပဲ။

အဲဒီဘုရားကျောင်းရဲ့ တံခါးစောင့်ဟာလူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး အားကျသတဲ့။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

“ကောင်းပြီလေ…. အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ” Continue reading “God and temple’s gatekeeper”