God and temple’s gatekeeper

မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက်ရှိတဲ့ ဘုရားရုပ်တုတော်ကို တည်ထားကိုးကွယ်ထားတာရှိတယ်။ ဆုတောင်းတိုင်းပြည့်တယ်ဆိုပြီး ဆုတောင်းပြည့် ဘုရားဆိုပြီး နာမည်ကျော်ကြား သတဲ့။ လာရောက်ပူဇော်ပသတဲ့သူတွေလည်း အများကြီးဆိုပဲ။

အဲဒီဘုရားကျောင်းရဲ့ တံခါးစောင့်ဟာလူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး အားကျသတဲ့။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

“ကောင်းပြီလေ…. အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ”

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိကြဘူး။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။သူဆင်းရဲတွင်းကလွတ်ပါစေကြောင်း ဆုတောင်းတယ်။ ပြန်ဖို့သူလှည့်အထွက်မှာပဲ သူဌေးကြီးကျန်ခဲ့တဲ့ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဘုရားသခင်ကို ကျေးဇူးတင်ပြီး ပျော်ရွှင်စွာပြန်သွားတယ်။

ဒါကို သစ်သားပေါ်မှာ ဘုရားရုပ်ထုအနေနဲ့ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ သူအခုလိုက်မယ့် ရေကြောင်းခရီးမှာ ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်လေးက ဆုတောင်းလည်းအပြီး လှည့်ပြန်အအထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးပါလေရော။ ကုန်သည်က မပြောမဆို လူငယ်ကိုအတင်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ ပြောတယ်။ လူငယ်ကလည်း သူမယူကြောင်းပြောတယ်။ အဲဒီမှာ လူငယ်နဲ့ကုန်သည်တို့ ယူတယ် မယူဘူး အငြင်းအခုံဖြစ်ကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြတော့ ကုန်သည်ကလည်းဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်ကလည်း သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
“အသင် ဆင်းခဲ့တော့… ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး” လို့ ပြောလိုက်တယ်။

“ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်” လို့ တံခါးစောင့်က ပြန်မေးတော့

ဘုရားသခင်က
“ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့” လို့ ရှင်းပြတယ်။

တကယ့်လက်တွေ့ဘဝမှာလည်း အဲဒီလိုပါပဲ။ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

original source

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s